နှုတ်ကပတ်တော်/ဟောပြော/ရန် တိုက်တွန်းခြင်း
4
နိုင်ငံတော်/တည်ထောင်/ရန် ကြွလာပြီး အသက်ရှင်သောသူ/နှင့် သေသောသူတို့/ကို တရားစီရင်မည့်/ယေရှု/ခရစ်တော်/၏ ရှေ့တော်/၌/လည်းကောင်း၊ ဘုရားသခင်/ရှေ့တော်/၌/လည်းကောင်း သင့်/အား ကျွန်ုပ်/အလေးအနက်/တိုက်တွန်းလိုက်ပါ၏။ 2 အခွင့်အခါ/သင့်သည်/ဖြစ်စေ၊ မသင့်သည်/ဖြစ်စေ အဆင်သင့်/ဖြစ်/၍ နှုတ်ကပတ်/တရားတော်/ကို ဟောပြောလော့။ အလွန်/စိတ်ရှည်/စွာ သွန်သင်/၍ အပြစ်/ကို ဖော်ပြခြင်း၊ ဆုံးမခြင်း၊ အားပေး/တိုက်တွန်းခြင်း/တို့ကို ပြုလော့။ 3 အနာဂတ်/တွင် လူတို့/သည် မှန်ကန်သော/အယူဝါဒ/ကို သည်းမခံနိုင်တော့ဘဲ မိမိတို့/အလို/ကို လိုက်/၍ မိမိတို့/၏/ယားသော/နား/က ကြားလိုသော/အရာများ/ကို ဟောပြောသည့်/ဆရာများ/နောက်သို့ လိုက်ကြ/လိမ့်မည်။ 4 သမ္မာတရား/ကို နားမထောင်ဘဲ ဒဏ္ဍာရီများ/ကိုသာ နားထောင်ကြ/လိမ့်မည်။ 5 သို့သော်လည်း သင်/သည် အရာရာ/၌ သတိရှိလော့။ ဆင်းရဲဒုက္ခ/ကို သည်းခံ/၍ သတင်းကောင်း/ဟောပြောသူ/တစ်ဦး ဆောင်ရွက်ရမည့် အမှု/ကို ပြု/လျက် အမှုတော်/ကို အပြည့်အဝ/ဆောင်ရွက်လော့။6 ကျွန်ုပ်/၏ အသက်/သည် ယဇ်ပလ္လင်/ပေါ်တွင် သွန်းလောင်းရာ/ပူဇော်စရာ/ကဲ့သို့ သွန်းလောင်းခံရပြီ။ ကျွန်ုပ်/သည် ဤ/လောက/မှ ထွက်ခွာရတော့မည့်/အချိန် နီးပြီ။ 7 တိုက်ပွဲကောင်း/ကို ကျွန်ုပ်/တိုက်ခဲ့ပြီ။ တာ/အဆုံး/တိုင်အောင် ပြေးခဲ့ပြီ။ ယုံကြည်ခြင်း/တရား/ကို စောင့်ထိန်းခဲ့ပြီ။ 8 ယခု/မှစ၍ ဖြောင့်မတ်ခြင်း/ဆုသရဖူ/သည် ကျွန်ုပ်/အတွက် အသင့်/ရှိနေ၏။ ဖြောင့်မတ်/စွာ တရားစီရင်သူ/ဖြစ်တော်မူသည့် သခင်ဘုရား ပြန်လည်ကြွလာမည့်/နေ့တွင် ထို/ဆုသရဖူ/ကို ကျွန်ုပ်/အား ပေးတော်မူ/လိမ့်မည်။ ကျွန်ုပ်/တစ်ဦးတည်း/သာမက ကိုယ်တော်/၏/ပြန်လည်ကြွလာခြင်း/ကို တောင့်တသူ/အားလုံး/တို့/အားလည်း ပေးတော်မူ/လိမ့်မည်။
ရှင်ပေါလု/၏ နောက်ဆုံး/ညွှန်ကြားချက်
9 ကျွန်ုပ်/ထံသို့ အမြန်ဆုံး/လာ/ရန် ကြိုးစားလော့။ 10 ဒေမ/သည် ဤ/လောက/ကို ချစ်/၍ ကျွန်ုပ်/ကို စွန့်ခွာ/ပြီး သက်သာလောနိတ်မြို့/သို့ သွားလေပြီ။ ကရက္ကေ/သည် ဂလာတိပြည်/သို့ သွားပြီ။ တိတု/သည် ဒါလမာတိပြည်/သို့ သွားပြီ။ 11 လုကာ/တစ်ဦးတည်း/သာ ကျွန်ုပ်/နှင့်အတူ/ရှိ၏။ မာကု/ကို သင်/နှင့်အတူ ခေါ်ခဲ့လော့။ အမှုတော်/ဆောင်ရွက်/ရာတွင် သူ/သည် ကျွန်ုပ်/အတွက် အသုံးဝင်သူ/ဖြစ်၏။ 12 ကျွန်ုပ်/သည် တုခိတ်/ကို ဧဖက်မြို့/သို့ စေလွှတ်လိုက်၏။ 13 သင်/လာသော/အခါ တရောမြို့/တွင်/နေထိုင်သော ကာပု/ထံ၌ ကျွန်ုပ်/အပ်ထားခဲ့သော ဝတ်လုံ/နှင့်တကွ စာလိပ်များ၊ အထူး/သဖြင့် သားရေ/စာလိပ်/ကို ယူခဲ့လော့။
14 ပန်းတဉ်း/ဆရာ အလက်ဇန်းဒါး/သည် ကျွန်ုပ်/ကို အလွန်/ဆိုးရွား/စွာ ပြုခဲ့၏။ သူ/ပြုခဲ့သည့် အပြုအမူများ/အတွက် သခင်ဘုရား/စီရင်တော်မူ/လိမ့်မည်။ 15 သူ့/ကို သတိထားလော့။ သူ/သည် ကျွန်ုပ်တို့/ဟောပြောချက်များ/ကို အပြင်းအထန်/ဆန့်ကျင်သူ/ဖြစ်၏။
16 ကျွန်ုပ်/၏/အမှု/ကို ပထမဆုံး/အကြိမ် ချေပ/ပြောဆိုရာ/တွင် မည်သူမျှ ကျွန်ုပ်/ဘက်/၌ မကူညီဘဲ လူတိုင်း/ကျွန်ုပ်/ကို စွန့်ပစ်ခဲ့ကြ၏။ ဤ/အရာ/ကြောင့် သခင်ဘုရား/သည် ထို/သူတို့/ကို အပြစ်/တင်တော်မမူပါစေနှင့်။ 17 သို့သော်လည်း ကျွန်ုပ်/သည် လူမျိုးခြားတို့/အား သတင်းကောင်း/ကို ပြည့်စုံ/စွာ ဟောပြော/ရန်အတွက် သခင်ဘုရား/သည် ကျွန်ုပ်/ဘက်မှ ရပ်တည်/၍ ခွန်အားပေးတော်မူခဲ့၏။ ဤသို့ဖြင့် ကိုယ်တော်/သည် ကျွန်ုပ်/ကို ခြင်္သေ့/ခံတွင်း/မှ ကယ်နှုတ်တော်မူ၏။ 18 သခင်ဘုရား/သည် မကောင်းမှု/မှန်သမျှ/မှ ကျွန်ုပ်/ကို ကယ်တင်တော်မူ/၍ မိမိ/ကောင်းကင်/နိုင်ငံတော်/သို့ ဘေးကင်း/စွာ ပို့ဆောင်တော်မူ/လိမ့်မည်။ ကိုယ်တော်/သည် အစဉ်/ထာဝရ ဘုန်းကြီးတော်မူပါစေသော။ အာမင်။
နိဂုံးချုပ်/စကား
19 ပြစ်ကိလ၊ အာကုလ/တို့/နှင့်အတူ ဩနေသိဖော်/၏ အိမ်သူအိမ်သားတို့/ကို နှုတ်ဆက်ပေးလော့။ 20 ဧရတ္တု/သည် ကောရိန္သုမြို့/တွင် နေရစ်ခဲ့၏။ တရောဖိမ်/မှာမူ နာမကျန်း/ဖြစ်/သောကြောင့် မိလက်မြို့/တွင် ကျွန်ုပ်/ချန်ထားခဲ့ရ၏။ 21 ဆောင်းရာသီ မရောက်မီ အမြန်ဆုံး/လာ/နိုင်ရန် ကြိုးစားလော့။ ဥဗုလု၊ ပုဒေ၊ လိနု/နှင့် ကလောဒိ/တို့/မှစ၍ ညီအစ်ကို/မောင်နှမ/အပေါင်းတို့/က သင့်/ကို နှုတ်ဆက်လိုက်ကြ၏။ 22 သခင်ဘုရား/သည် သင်/နှင့်အတူ ရှိပါစေသော။ ကျေးဇူးတော်/သည် သင်တို့/အပေါ် သက်ရောက်ပါစေသော။
တိမောသေ/ဩဝါဒစာ ဒုတိယစောင် ပြီးပါပြီ။